ကမ္ဘာစစ်တင့်ကားတိုက်ပွဲဂိမ်း

ကမ္ဘာစစ်တင့်ကားတိုက်ပွဲဂိမ်း

Muddy Games 06/14/2024
7.1
10M
အရင်းအမြစ်များ မရှိသေးပါ။
  • ဖန်သားပြင်ဓာတ်ပုံ1
  • ဖန်သားပြင်ဓာတ်ပုံ2
  • ဖန်သားပြင်ဓာတ်ပုံ3
  • ဖန်သားပြင်ဓာတ်ပုံ4
  • ဖန်သားပြင်ဓာတ်ပုံ5
  • ဖန်သားပြင်ဓာတ်ပုံ6
  • ဖန်သားပြင်ဓာတ်ပုံ7
  • ဖန်သားပြင်ဓာတ်ပုံ8

ဖော်ပြချက်

တိုက်ပွဲမှာ ဘယ်လိုစစ်ဆင်ရေးတွေလုပ်ပြီး ဗျူဟာတွေဘယ်လိုချမှတ်မလဲဆိုတဲ့ သင့်ရဲ့တိုက်ပွဲကျွမ်းကျင်မှုတွေကို ဖော်ပြထုတ်ဖို့ အကောင်းဆုံးဂိမ်းဖြစ်ပါတယ်။ စစ်ပွဲတွေအနိုင်တိုက်ပြီးတော့ ကိုယ့်စိတ်တိုင်းကျ တင့်ကားတွေရွေးချယ်နိုင်မယ်၊ စစ်မြေပြင်တွေရွေးချယ်နိုင်မှာဖြစ်တဲ့အတွက် တစ်ကယ်စစ်မြေပြင်မှာ စစ်တိုက်နေသလိုခံစားရမှာပါ။ ကစားရင်း အဆင့်တစ်ခုကိုရောက်တိုင်း ကိုယ့်ရဲ့စစ်တပ်ကို ပိုမိုတောင့်တင်းခိုင်မာလာအောင်လည်း တည်ဆောက်လို့ရပါတယ်။ ဒီလိုကိုယ့်ရဲ့ စစ်တပ်ကို တစ်ကယ်စစ်သည်တော်တစ်ယောက်အနေနဲ့ ပါဝင်တည်ဆောက်ရင်း ဒုတိယကမ္ဘာစစ်မှာ တင့်ကားတွေနဲ့ပါဝင်စစ်ပွဲဆင်နွှဲနေရတဲ့ ခံစားမှုကိုရရှိစေမှာပါ။ ဂိမ်းရဲ့အဆင့်တွေမြင့်လာတိုင်းမှာလဲ ကိုယ့်ရဲ့တင့်ကားကိုပါ စွမ်းဆောင်နိုင်ရည်ပိုမိုကောင်းမွန်တဲ့ အရည်အသွေးပိုမိုကောင်းမွန်တဲ့ တင့်ကားတွေကိုရွေးချယ်လာနိုင်မှာဖြစ်ပါတယ်။ ဒီ့အပြင် တင့်ကားရဲ့အရောင်တွေကိုပါစိတ်ကြိုက်အရောင်ရွေးချယ်နိုင်မှာပါ။ ဒီလိုရွေးချယ်မှုတွေပြုလုပ်နိုင်ဖို့အတွက် အဆင့်တစ်ဆင့်ပြီးတစ်ဆင့်ကျော်ဖြတ်နိုင်အောင်ဆော့ရမှာြဖစ်ပါတယ်။ အခန်းတစ်ခန်းအောင်ပြီးတိုင်း လုပ်ဆောင်ရမယ့်တာဝန်တွေဟာပိုမိုခက်ခဲလာမှာြဖစ်သလို ရန်သူတွေကလဲ ပိုမိုအားကြီးလာမှာဖြစ်ပါတယ်။ အဲ့လိုရန်သူတွေကိုအပြတ်နှိမ်နင်းနိုင်ဖို့ တိုက်ပွဲကျွမ်းကျင်မှုတွေ စစ်ဆင်ရေးတွေ ဘယ်လိုအကောင်းဆုံးစစ်တိုက်ကြမလဲဆိုတဲ့ တိုက်ပွဲဗျူဟာတွေကျွမ်းကျင်ဖို့လိုအပ်ပါတယ်။ ဒီဂိမ်းဟာ ပစ်ခက်ပြီးဆော့းတဲ့ဂိမ်းဖြစ်တဲ့အတွက် ကွန်မန်ဒို၊ ကျည်းတပ်၊ စစ်သင်္ဘော စတဲ့ဘက်ပေါင်းစုံပါဝင်ပြီး စစ်ပွဲတစ်ခုကို ဘယ်လိုအောင်မြင်အောင်စစ်တိုက်ရမလဲဆိုတဲ့ စစ်ဆင်ရေးဆင်နွှဲရတဲ့ အွန်လိုင်းတင့်ကားဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်မှာ တစ်ကယ်ပါဝင်တိုက်ခိုက်နေသလို နောက်ခံတီးလုံးကအစ စစ်တိုက်တဲ့ခံစားမှုရရှိအောင်ဖန်တီးပေးထားတဲ့ဂိမ်းဖြစ်ပါတယ်။ စစ်တပ်ဂိမ်းဖြစ်တဲ့အတွက် အကြမ်းဖက်သမားတွေကို အနိုင်တိုက်ခိုက်နိုင်ဖို့အလွန်အရေးကြီးပါတယ်။ ရန်သူတွေကို အပျက်ခြေမှုန်းနိုင်မှသာ နောက်အဆင့်ကိုရောက်မှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ရန်သူတွေဘယ်မှာရှိလဲဆိုတာသိနိုင်ဖို့နဲ့ ကိုယ့်ကိုအလစ်တိုက်မခံရအောင် မြေပုံကနေ
ရန်သူတွေရဲ့တည်နေရာကို သိနိုင်ပါတယ်။ အဲ့တော့ မြေပုံကိုသေချာကြည့်တက်ဖို့တော့လိုမယ်နော်။
ဂိမ်းက 3D ဂိမ်းဖြစ်လို့ ရုပ်လုံးကြွပြီး ကြည့်ရတာကြည်လင်တဲ့အတွက်ဆော့တဲ့အခါမှာ ကွာလာတီမကောင်းတဲ့ပြသာနာမရှိနိုင်ပါဘူး။ အစပိုင်းမှာတော့တင့်ကားအချင်းချင်းပဲပစ်ခက်ရမှာဖြစ်ပြီး နောက်ပိုင်း မြေပုံတွေပွင့်လာတာနဲ့အမျှ တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေ၊ သံချပ်ကာတွေပါ ပါဝင်လာပြီး ဒုတိယကမ္ဘာစစ်အလား အမှတ်မှားရအောင် ရင်သပ်ရှုမောဖွယ် ကစားရမှာဖြစ်ပါတယ်။ အဲ့အခါမှာ ပိုမိုအင်အားကောင်းလာတဲ့ ရန်သူတွေကို အနိုင်တိုက်ဖို့အတွက် စစ်ဆင်ရေးတွေ၊ တိုက်ပွဲကျွမ်းကျင်မှုတွေက မရှိမဖြစ်အရေးကြီးလာပါပြီ။ အပေါ်ကနေ ဗုံးကြဲမယ့်တိုက်လေယာဉ်တွေ၊ ရေနံတင်သင်္ဘောတွေ၊ ကွန်မန်ဒိုအဖွဲ့တွေက သင့်ကိုအပြတ်ခြေမှုန်းဖို့အသင့်စောင့်နေကြတာပါ။ သူတို့ကို ဘယ်လိုကောင်းစွာစစ်တိုက်ရမလဲဆိုတာတော့ သင့်ရဲ့မြေပုံကျွမ်းကျင်မှု၊ နည်းဗျုးဟာရှိမှု၊ စစ်ဆင်ရေးတွေအပေါ်မှာမူတည်နေပါတယ်။ မြေပုံကိုကောင်းကောင်းကြည့်တက်ပြီး စစ်ဆင်ရေးလမ်းကြောင်းကိုသေချာချတက်မယ်ဆိုရင်တော့ သင့်အတွက်ရန်သူကို အလစ်တိုက်ခိုက်နိုင်မယ့် အားသာချက်တစ်ခုရမှာပါ။ အဝေးမှာပုန်းကွယ်နေတဲ့ အကြမ်းဖက်သမားတွေကို မှန်ဘီလူးကနေတစ်ဆင့်အနီးကပ်မြင်ရမှာြဖစ်ပြီး ပစ်မှတ်ကိုသေချာချိန်ပြီးပစ်တက်ဖို့လဲလိုအပ်ပါတယ်။ ရန်သူတွေဟာလဲအင်အားတောင့်တဲ့အတွက် တစ်ချက်ထဲပစ်ရုံနဲ့မသေနိုင်ပါဘူး။ အကြမ်းဖက်သမားတိုင်းရဲ့အပေါ်မှာ သွေးအနီတန်းလေးပါတဲ့အတွက် အဲ့သွေးအနီတန်းကုန်အောင်ပစ်နိုင်မှ ရန်သူ့တင့်ကား၊ ရေနံတင်သင်္ဘော၊ တိုက်လေယာဉ်တွေကျရှုံးမှာဖြစ်ပါတယ်။ ပစ်မှတ်ထဲရောက်လာအောင်ချိန်နိုင်ဖို့ကလဲ လွယ်ကူလှတဲ့အရေးတော့မဟုတ်ပါဘူး။ ရွေ့နေတဲ့ပစ်မှတ်ကိုချိန်ရတာဖြစ်တဲ့အတွက် တိကျမြန်ဆန်ပြီး အမြင်လျှင်ဖို့လဲလိုအပ်ပါတယ်။
အဲ့ဒီတော့ ဒီဒုတိယကမ္ဘာစစ်တင့်ကားဂိမ်းကိုဆော့ရင်းနဲ့ သင့်ရဲ့အမြင်အာရုံတွေလျှင်မြန်လာနိုင်သလို ဖြတ်ထိုးဥာဏ်လဲကောင်းလာစေနိုင်မယ့်ဂိမ်းတစ်ခုဖြစ်ပါတယ်။

နောက်ဆုံးထွက်ဗားရှင်းတွင် ဘာများ အသစ်ပါလဲ။  2.0.7

-> Tank Controls ကိုတိုးတက်အောင်လုပ်ပါ
-> ကျွန်ုပ်တို့သည်သုံးစွဲသူ 0 ယ်လိုအားအရနေ့ကတစ်နေ့လျှင်တင့်ကားဂိမ်းကစားနေသည်

သတင်းအချက်အလက်
  • ဗားရှင်း
  • အပ်ဒိတ်
  • ဖိုင်အရွယ်အစား
  • အမျိုးအစား
  • Android လိုအပ်သည်။
    Android 5.1 and up
  • ပြုစုသူ
    Muddy Games
  • တပ်ဆင်သည်။
    10M
  • ID
    com.perspectivegames.battle.of.tanks
  • တွင် ရရှိနိုင်ပါသည်။
သင်လည်း ကြိုက်နိုင်ပါသည်။
အရည်အသွေးမြင့် ဂိမ်းများ
  1. Lil' Conquest
    Lil' Conquest
    Lil' Conquest Android အတွက် APK ကိုဒေါင်းလုပ်ဆွဲပါ။ Lil' Conquest ၏နောက်ဆုံးပေါ်ဗားရှင်းကိုအခမဲ့ထည့်သွင်းပါ။ Lil' Conquest သည် သရုပ်ဖော်မှု၊ တည်ဆောက်မှုနှင့် တိုက်ပွဲတို့ကို ပေါင်းစပ်ထားသည့် စစ်ဗျူဟာဂိမ်းတစ်ခု
  2. Wall Castle: Tower Defense TD
    Wall Castle: Tower Defense TD
    Wall Castle: Tower Defense TD Android အတွက် APK ကိုဒေါင်းလုပ်ဆွဲပါ။ Wall Castle: Tower Defense TD ၏နောက်ဆုံးပေါ်ဗားရှင်းကိုအခမဲ့ထည့်သွင်းပါ။ Wall Castle- Tower Defense TD သည် ကစားသမားများအားလုံးအတွက် ရိုးရှင်းသောမစ်ရှင်ပါရှိသော Tower Defense
  3. Mosquito Robot Car: Robot Game
    Mosquito Robot Car: Robot Game
    Mosquito Robot Car: Robot Game Android အတွက် APK ကိုဒေါင်းလုပ်ဆွဲပါ။ Mosquito Robot Car: Robot Game ၏နောက်ဆုံးပေါ်ဗားရှင်းကိုအခမဲ့ထည့်သွင်းပါ။ ခေတ်မီစက်ရုပ်ဂိမ်းစက်ရုပ်ကားဂိမ်းသည် စက်ရုပ်ဂိမ်းနှင့် စက်ရုပ်အသွင်ပြောင်းဂိမ်းအတွက် စိန်ခေါ်မှုမစ်ရ
  4. Ramp Bike Games GT Bike Stunts
    Ramp Bike Games GT Bike Stunts
    Ramp Bike Games GT Bike Stunts Android အတွက် APK ကိုဒေါင်းလုပ်ဆွဲပါ။ Ramp Bike Games GT Bike Stunts ၏နောက်ဆုံးပေါ်ဗားရှင်းကိုအခမဲ့ထည့်သွင်းပါ။ လှည့်စားမော်တော်ဆိုင်ကယ်ပြိုင်ပွဲ ၂၀၂၁ တွင်အရူးစက်ဘီးစတန့်မောင်းသူကို 'Free Bike gt Stunts - ထိပ်တန်
  5. ကျွန်ုပ်၏ မူလကမ္ဘာဂြိုဟ်
    ကျွန်ုပ်၏ မူလကမ္ဘာဂြိုဟ်
    ကျွန်ုပ်၏ မူလကမ္ဘာဂြိုဟ် Android အတွက် APK ကိုဒေါင်းလုပ်ဆွဲပါ။ ကျွန်ုပ်၏ မူလကမ္ဘာဂြိုဟ် ၏နောက်ဆုံးပေါ်ဗားရှင်းကိုအခမဲ့ထည့်သွင်းပါ။ 🚀 သင့်အတွက် ပျော်စရာကောင်းပြီး ဖန်တီးမှုနည်းဗျူဟာ RPG ဂိမ်းတစ်ခု။ ကမ္ဘာသစ်ကိုစူးစမ်းပါ၊ ဘီလူးများကိ
  6. စက်ဘီး ဂိမ်းများ လူမျိုး စတန့်
    စက်ဘီး ဂိမ်းများ လူမျိုး စတန့်
    စက်ဘီး ဂိမ်းများ လူမျိုး စတန့် Android အတွက် APK ကိုဒေါင်းလုပ်ဆွဲပါ။ စက်ဘီး ဂိမ်းများ လူမျိုး စတန့် ၏နောက်ဆုံးပေါ်ဗားရှင်းကိုအခမဲ့ထည့်သွင်းပါ။ ဆိုင်ကယ်စတန့်ဂိမ်းခေတ်၌မော်တော်ဆိုင်ကယ်ဂိမ်းအသစ်ကိုတင်ဆက်ပါ၂၀၂၁ တွင် 3d စက်ဘီးစတန့်ဂိမ်းများကစားရန်အ